@mostargallery: stella💓 #setelanrayon #onesetrayon #blousewanita #blousebunga #onesetbunga

Mostar Gallery
Mostar Gallery
Open In TikTok:
Region: ID
Friday 20 November 2026 02:38:00 GMT
210
2
1
1

Music

Download

Comments

userbazpv2pijh
khotimah :
🥰🥰🥰
2026-11-20 13:34:59
0
To see more videos from user @mostargallery, please go to the Tikwm homepage.

Other Videos

#မူရင်းစာသားပိုင်ရှင်အားcrdပေးပါတယ်🌿📖  အရမ်းကောင်းတဲ့သင်ခန်းစာပညာပေးပုံပြင် ဘ၀ထဲမှာ သဲအရင်မဖြည့်ပါနဲ့ ---------------------------------- ဒဿနိက ပါမောက္ခဆရာကြီးဟာ စက္ကူသေတ္တာကြီးတစ်လုံးထမ်းပြီး အတန်းထဲ၀င်လာတယ်။ သူက ဖန် ရေကရားကြီးတစ်လုံးကို သေတ္တာထဲက ထုတ်ပြီး စားပွဲပေါ်တင်လိုက်တယ်။ အဲဒီအချိန်အထိ စကားတစ်ခွန်းမှ မပြောသေးဘူး။ ပြီးတော့ သူက ကြက်ဥအရွယ် ကျောက်ခဲလုံး ကြီးကြီးတွေကို ရေကရားကြီးထဲ ထည့်လိုက် တယ်။ ရေကရားကြီး ထဲကို ကျောက်ခဲ တွေပြည့်သွားတော့
#မူရင်းစာသားပိုင်ရှင်အားcrdပေးပါတယ်🌿📖 အရမ်းကောင်းတဲ့သင်ခန်းစာပညာပေးပုံပြင် ဘ၀ထဲမှာ သဲအရင်မဖြည့်ပါနဲ့ ---------------------------------- ဒဿနိက ပါမောက္ခဆရာကြီးဟာ စက္ကူသေတ္တာကြီးတစ်လုံးထမ်းပြီး အတန်းထဲ၀င်လာတယ်။ သူက ဖန် ရေကရားကြီးတစ်လုံးကို သေတ္တာထဲက ထုတ်ပြီး စားပွဲပေါ်တင်လိုက်တယ်။ အဲဒီအချိန်အထိ စကားတစ်ခွန်းမှ မပြောသေးဘူး။ ပြီးတော့ သူက ကြက်ဥအရွယ် ကျောက်ခဲလုံး ကြီးကြီးတွေကို ရေကရားကြီးထဲ ထည့်လိုက် တယ်။ ရေကရားကြီး ထဲကို ကျောက်ခဲ တွေပြည့်သွားတော့ "တပည့်တို့ ထပ်ထည့်လို့ ရဦးမလား" လို့မေးလိုက်တယ်။ တပည့်တွေကလည်း "မရတော့ပါ ဆရာကြီး" လို့ ပြောလိုက်တယ်။ ဆရာကြီးက ကျောက်စရစ်ခဲသေးသေးလေးတွေ ထုတ်လိုက်ပြီး ရေကရားထဲကို လောင်းထည့်ပြန်တယ်။ ကျောက်ခဲတွေကြားထဲ ကျောက်စရစ်ခဲလေးတွေ ကျသွားပြီး ပြည့်သွားပြန်တယ်။ ထပ်ထည့်လို့ မရအောင် လျှံ ကျတော့ ဆရာကြီးက "ပြည့်ပြီလားဟေ့ .. ထပ်ထည့်လို့ မရတော့ဘူးလား" လို့ ထပ်မေးတယ်။ ကျောင်းသားတွေကလည်း "ပြည့်သွားပါပြီ မရတော့ပါဘူး ဆရာကြီး" လို့ဖြေကြတယ်။ သူတို့ ဆရာကြီး ဘာလုပ်နေတယ်ဆိုတာ သဘောမပေါက်သေးဘူး။ စိတ်၀င်စားလွန်းလို့ မျက်လုံးလေးတွေ ပြူးနေကြတယ်။ ဆရာကြီးက နောက်ထပ် သဲအိတ်တစ်အိတ်ထုတ်ပြီး သဲတွေကို ကရားထဲ လောင်းထည့်ပြန်တယ်။ သဲတွေဆိုတော့ ကျောက်ခဲနဲ့ ကျောက်စရစ်တွေကြား ထပ်ပြီး၀င်သွားပြန်တယ်။ သဲတွေ လျှံကျလာတော့ ပါမောက္ခကြီးက ထုံးစံအတိုင်း "ထပ်ထည့်လို့ ရဦးမလားဟေ့" လို့ မေးလိုက်ပြန်တယ်။ ကျောင်းသားတွေက "မရတော့ပါဘူး" လို့ ထပ်ဖြေကြ တယ်။ ပါမောက္ခကြီးက "မင်းတို့ကို ငါဒီနေ့သင်မယ့် သင်ခန်းစာပြီးပြီ" လို့ ပြောလိုက်တယ်။ တပည့်တွေက နားမလည်စွာနဲ့ တိတ်ဆိတ်နေရာက "ဆရာကြီး အဲဒီလို လုပ်မသွားပါနဲ့။ ကျွန်တော်တို့ကို တစ်ခုခု ပြောခဲ့ပါ" လို့ ဆိုလိုက်မှ ပါမောက္ခကြီးက "ဘ၀ဆိုတာ အဲဒီရေကရားကြီးတစ်လုံးလိုပဲကွ။ ကျောက်ခဲတွေဆိုတာကတော့ ဘ၀အတွက် အရေးပါတာတွေ ပေါ့ကွာ။ ဥပမာ မိသားစု၊ ပညာရေး၊ ကျန်းမာရေးလို့ သဘောထားလိုက်။ ဘ၀ထဲမှာ အဲဒါတွေကို ပထမဆုံး ဖြည့်ဖို့လိုတယ်ကွ။ ကျောက်စရစ်ခဲလေးတွေကတော့ မင်းတို့ရဲ့ အလုပ်အကိုင်၊ အိုးအိမ်၊ စည်းစိမ်၊ ကား၊ အိမ်ထောင်ဖက်၊ သားသမီးစတာတွေလို့ ပြောနိုင်တယ်။ အဲဒါတွေက ဒုတိယပေါ့ကွာ။ သဲဆိုတာကတော့ ကျန်တဲ့ လိုအပ်ချက်တွေ အားလုံးလို့ပြောရမယ်။ သိပ်အရေးမပါတာတွေပေါ့ကွာ။ ဘ၀မှာရှိလည်းဖြစ်၊ မရှိလည်းဖြစ်တဲ့ဟာတွေ။ ကဲ … တပည့်တို့ နားလည်ကြပြီလား" လို့ မေးလိုက်တော့ တပည့်တွေကလည်း သဘောမပေါက်သေးကြောင်း ပြန်ပြောကြတယ်။ ပါမောက္ခကြီးက ဆက်ပြီးတော့ "ဘ၀ထဲကို ဘာမှမဖြည့်ဘဲ သဲတွေချည်း အရင်ဖြည့်လိုက်ရင် ဘာဖြစ်သွားမလဲ။ ကျောက်စရစ်တွေ၊ ခဲတွေထည့် လို့ မရအောင် ဖြစ်သွားမှာပေါ့။ သဲတွေက အပြည့်နေရာယူလိုက်ရင် မင်းတို့ဘာမှထပ်ထည့်လို့မရတော့ဘူး။ ဒါကြောင့် တပည့်တို့ ပညာတတ်အောင်သင်၊ မိသားစုနဲ့ ပျော်ပျော်နေ၊ အိမ်ထောင်ပြုချင်လည်း ပြုလိုက်ဦး၊ အလုပ်လည်းကြိုးစား၊ တိုက်ဆောက်ကားစီးနိုင်ရင်လည်း ပိုကောင်းတာပေါ့" "ငါ့ တပည့်တွေကို တစ်ခုပဲ သတိပေးလိုက်မယ်။ မင်းတို့ဘ၀ထဲမှာ အရေးမပါတဲ့ သဲတွေကို အရင်မဖြည့်မိစေနဲ့" လို့ပြောပြီး ပါမောက္ခကြီးဟာ အပြင်ကို ငိုက်စိုက် ငိုက်စိုက်နဲ့ ထွက်သွားတော့တယ်။ #crd_to_owner_with_respect #foryourpage #fyp

About