@255.723.015.030: #fyyyyyyyyyyyyyyyy #fyyyyyyyyyyyyyyyy

+255 723 015 030
+255 723 015 030
Open In TikTok:
Region: TZ
Sunday 29 November 2026 07:42:51 GMT
6
0
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @255.723.015.030, please go to the Tikwm homepage.

Other Videos

ဒါရိုက်တာ မပွင့်က “Cut” လို့ ပြောလိုက်ပေမဲ့ ဝေဝေ့ရဲ့ မျက်ရည်တွေကတော့ ရပ်မသွားဘူး… ဒါရိုက်တာကတော့ cut လို့အော်လိုက်တာပဲ မကစ် ရင်ထဲမှာတော့ အဲ့ဒီခံစားချက်တွေ ကျန်နေတာ… ဝေဝေဆိုတဲ့ ဇာတ်ကောင်တစ်ယောက်အပေါ် မကစ် ဘယ်လောက်အထိ စိတ်နှစ်ပြီး သရုပ်ဆောင်ထားလဲဆိုတာ ဘေးကနေ ကြည့်နေရတဲ့ ကျွန်တော်တောင် တကယ်ကို ရင်ထဲထိတယ်… ကျွန်တော့်အတွက် မကစ်ကို အနုပညာရှင်တစ်ယောက်အနေနဲ့ တကယ်ကို လေးစားမိတဲ့ အခိုက်အတန့်လေးပါဗျ… ပြီးတော့ မကစ်က သရုပ်ဆောင်ခဲ့တာမဟုတ်ပဲ ရိုက်ကူးရေးကာလတလျှောက်လုံး သူဝေဝေအဖြစ် ရှင်သန်နေတာလို့ခံစားရတယ် အာ့တာအပြင် ဦးဘိုးသိန်းအဖြစ် ဦးကျော်ရဲအောင်ကလဲ တကယ့် ဝါရင့်သဘာရင့်ပီပီ မျက်လုံး acting တွေအရမ်းကို ကောင်းတာ “သမီး… ဖေဖေ လိုက်သွားရမလား” ဆိုတဲ့ ဦးဘိုးသိန်းရဲ့ စကားလေးတစ်ခွန်းနဲ့တင် ဝေဝေက ကလေးတစ်ယောက်လို ငိုချလိုက်ရော။ ပြီးတော့ ကိုယ့်ခံစားချက်တွေကို ပြန်ထိန်းရင်း ရင့်ကျက်တဲ့ လူကြီးတစ်ယောက်လို ဦးဘိုးသိန်းကို လိုက်သွားဖို့ ပြန်ပြောခဲ့တယ်။ အဲ့ဒီခံစားချက်နှစ်ခုကို ဝေဝေ ပြောင်းလဲသွားတဲ့ပုံလေးက ကျွန်တော့်အတွက် တော်တော်ခံစားရတဲ့ Scene တခုလို့ပြောလို့ရတယ် တကယ်တော့ ဒီ Scene ကို ရိုက်မယ့်နေ့ မနက်အထိ ဝေဝေ့ကို ဘာဆံပင်လုပ်ပေးရမလဲဆိုတာ ကျွန်တော် မဆုံးဖြတ်နိုင်ဘူး ဆံမိတ်အတိုနဲ့ လုပ်ရမလား၊ ဆံမိတ်အရှည်နဲ့ လုပ်ရမလား၊ အပုံ့လေးပဲ ထုံးပေးရမလားဆိုပြီး အကြိမ်ကြိမ် စဉ်းစားရသလို Worry တွေကလည်း အရမ်းများနေပြီ။ ဘာလို့ ဆံပင်ပုံစံလေးတစ်ခုအတွက် ဒီလောက်ထိ စိတ်ပူခဲ့ရတာလဲဆိုတော့ မကစ်ရဲ့ ဝေဝေ့ Acting မှာ ကိုယ်ဖန်တီးပေးလိုက်တဲ့ အရာတစ်ခုကြောင့် အနှောင့်အယှက်ဖြစ်သွားမှာ၊ မကစ် ပေးချင်တဲ့ ခံစားချက်တွေကို အားနည်းသွားစေမှာမျိုး စိုးရိမ်မိလို့ နောက်ဆုံးမှာတော့ အန်တီနှင်းနဲ့ တိုင်ပင်ပြီး… “သား… ဆံမိတ်အရှည်က အနှောင့်အယှက်မဖြစ်ပါဘူး၊ လုပ်လိုက်မယ်” ဆိုတာနဲ့  ဆံမိတ်အရှည်လေးပဲ လုပ်ဖြစ်ခဲ့ကြတယ် တကယ်ရိုက်ကူးတဲ့အချိန် Monitor ကနေ ကြည့်လိုက်ရတော့မှ ဒီဆံပင်ပုံစံလေးက ဝေဝေ့ရဲ့ Acting နဲ့အတူ ဘယ်လောက်အထိ Dramatic ဖြစ်နေလဲ၊ ဒီ Scene လေးအတွက် ဘယ်လောက်လိုက်ဖက်နေလဲဆိုတာ ကောင်းကောင်းနားလည်လိုက်တယ်  အာ့တော့ ကျေနပ်တယ်… ပေ ၄၀ ပိတ်ကားကြီးပေါ်မှာ ပြန်ကြည့်ရတဲ့အချိန်မှာလည်း အဲ့ဒီမနက်က စိတ်ပူပြီး အကြိမ်ကြိမ် စဉ်းစားခဲ့ရတဲ့ ဆံပင်ပုံစံလေးအတွက်ရော၊ ဝေဝေ နဲ့ ဦးဘိုးသိန်းနဲ့ ကို သမီးနဲ့ ဖခင်ဆိုတာ သိသိသာသာ ပေါ်လွင်နေအောင် color matching ဖြစ်အောင် ရွေးချယ်ပေးခဲ့တဲ့ ဝတ်စုံလေးတွေအတွက်ပါ ကျေနပ်တယ်… @Wutt Hmone Shwe Yi Official  @Pwint Theingi Zaw  Makeup & Hair - @December Hnin  Deaigner - @Thwin Su Htwe  @မုန်း၍မဟူ  မုန်း၍မဟူ | Behind the Wardrobe #မုန်း၍မဟူ #ဝေဝေ #ဦးဘိုးသိန်း #BehindTheWardrobe #WardrobeStylist

About